ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများ၌ ပါလက်စတိုင်းထောက်ခံသူများက အရှေ့အလယ်ပိုင်းစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြ


(နိုင်ငံတကာ) အောက်တိုဘာ ၇

ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများ၌ ပါလက်စတိုင်း ထောက်ခံသူ ထောင်ပေါင်းများစွာက အရှေ့အလယ်ပိုင်းစစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို အောက်တိုဘာလ ၅ ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။

အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်သည့် တစ်နှစ်ပြည့်ခါနီးအချိန်တွင် သွေးမြေကျစေသော ဂါဇာ စစ်ပွဲနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲ များကို ရပ်တန့်ရန် ဆန္ဒပြသူများက တောင်းဆိုသည်။

လန်ဒန်မြို့လယ်ကောင်မှာပင် ဆန္ဒပြသူ အရေအတွက်မှာ ၄၀,၀၀၀ ကျော်ရှိပြီး ပဲရစ်၊ ရောမ၊ မနီလာ၊ ကိတ်တောင်းနှင့် နယူးယောက်မြို့တို့ တွင် ဆန္ဒပြသူ ထောင်ပေါင်း များစွာ ရှိခဲ့သည်။

ထို့အတူ အမေရိကန် သမ္မတအိမ်တော်အနီး၌ ပါလက်စတိုင်းထောက်ခံသူများက ဆန္ဒပြမှုများ လုပ်ဆောင်သည်။ ၎င်းတို့၏တောင်းဆိုချက်မှာ ဂါဇာနှင့်လက်ဘနွန့်တိုကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် အစ္စရေးအပေါ် စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်မှုရပ်တန့်ရန် ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနယ်စပ်သို့ ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ ၁,၂၀၀ ကျော် သေဆုံးပြီး ၂၅၀ ခန့် ဓားစာခံအဖြစ် အဖမ်းခံရမှုမှစ၍ အစ္စရေးက ဂါဇာဒေသအပေါ်နှင့်ဟားမတ်စ် အဖွဲ့နှင့် တစ်သဘောတည်းရှိသည့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတို့အပေါ် တိုက်ခိုက် မှုများ လုပ်ဆောင်လာခြင်းကြောင့် သေဆုံး သူ ၄၅,၀၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN