ချမ်းအေးသာစံမြို့နယ်တွင် ဆူပူအကြမ်းဖက်လှုံ့ဆော်စာများ ကြဲချ


(ပြည်တွင်း) အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၃၄×၇၆ လမ်းထောင့်တွင် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က အမျိုးသမီး ၁ ဦး၊အမျိုးသား ၉ ဦးခန့်တို့သည် ဆူပူအကြမ်းဖက်လှုံ့ဆော်စာများ ကြဲချသွားကြောင်း သိရသည်။

ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က မျက်နှာတွင် MASK များအုပ်ထားသည့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၉ ဦး ခန့်တို့သည် ဆိုင်ကယ်များဖြင့် ရောက်ရှိ လာကာ အလျား ၄ လက်မ၊ အနံ ၃ လက်မခန့်ရှိ စာရွက်များပေါ်တွင် ပြည်သူအားလုံး အုံကြွတော်လှန်ကြပါ၊ မအလ သည် လူထု၏ ဘုံရန်သူ၊တလှိုင်းပြီးတလှိုင်း လာမယ်၊ ငုံ့မခံနဲ့ တန်ပြန်ကြ စာသားများပါ စာရွက်အနီရောင် ၄၀ ရွက်ခန့်၊ စာရွက်အဖြူရောင် ၃၀ ရွက်ခန့်တို့အား ကြဲချခဲ့ပြီး ၃၄ လမ်းအတိုင်း အရှေ့ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စာရွက်များကြဲချထားရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ခဲ့ပြီး ကြဲချ ထားသော စာရွက်များအား ရှင်း လင်းခဲ့ကြောင်း၊တရားခံများအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN