လူဦးရေ သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်မည့် အုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမ ၁ ဦးနှင့် ဆရာမ ၆ ဦးကို အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီး


(ပြည်တွင်း) အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လူဦးရေ သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်မည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးမ ၁ ဦးနှင့် ဆရာမ ၆ ဦးကို အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရေဖြူကျေးရွာတွင် နေထိုင်သူများဖြစ်သည့် အုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေး ဒေါ်သီတာနှင့် လူဦးရေ အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်မည့် ဒု-မူလတန်းပြ ဆရာမ ဒေါ်မေမီမိုး၊ အထက်တန်းပြ ဆရာမ ဒေါ်ရင်ရင်စိုး၊ ဒု-အလယ်တန်းပြ ဆရာမ ဒေါ်ဥမ္မာထွန်းနှင့် ဒု-အလယ်တန်းပြ ဆရာမ ဒေါ်ခင်အေးဆက် တို့သည် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးခန့်က ကားဖြင့်လာရောက်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အလားတူ ယမန်နေ့ ညနေ ၇ နာရီ ၂၀ မိနစ်ခန့်ကလည်း ရေဖြူကျေးရွာတွင် နေထိုင်သည့် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်မည့် မူအုပ် ဆရာမ ဒေါ်ဖြူဖြူထွေးနှင့် အထက်တန်းပြဆရာမ ဒေါ်မြအေး တို့သည် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် ၁၀ ဦးခန့်သည် ကားဖြင့် လာရောက်ကာ ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN