ကရာချီလေဆိပ်အနီးပေါက်ကွဲမှုတွင် တရုတ်နိုင်ငံသားနှစ်ဦးသေဆုံး


(နိုင်ငံတကာ) အောက်တိုဘာ ၇

ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပေါက်ကွဲမှုတွင် တရုတ်နိုင်ငံသားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် လူအများအပြား သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုသည့် Sindh ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတာဝန်ထမ်းဆောင်နေသည့် အင်ဂျင်နီယာများ လိုက်ပါလာသည့် ယာဉ်တန်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သံရုံးကပြောကြားခဲ့သည်။

တရုတ်အင်ဂျင်နီယာများသည် ကရာချိမြို့အနီးရှိ Port Qasim တွင် တရုတ်ရန်ပုံငွေဖြင့်တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ရန် Port Qasim Power Generation Co Ltd ၏ လုပ်ငန်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်သံရုံးက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်အများအပြား မီးလောင်ကျွမ်းခဲ့ပြီး လုံခြုံရေးတာဝန်ရှိသူများနှင့် မီးသတ်သမားများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN