ဂွမြို့နယ်တွင် တပ်မတော်နှင့် အကြမ်းဖက်သောင်းကျန်းသူ AA တို့အကြား တိုက်ပွဲပြင်းထန်နေ


(ပြည်တွင်း) အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကုလားပြင်ကျေးရွာနှင့် ဘဝင်ကျေးရွာ အကြားတွင် မြန်မာ့တပ်မတော်နှင့် AA အကြမ်းဖက်တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး မြန်မာ့တပ်မတော်လေမှ ပစ်ခတ်တိုက်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့က ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်အကြမ်းဖက်သောင်းကျန်းသူ AA များ အထိနာလျက် ဆုတ်ခွာသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများမှ အသက်မပြည့်သေးသူ ကလေးသူငယ်အမျိုးသားများကို လက်နက်ကိုင်ရန် အတင်းအဓမ္မခေါ်ယူစုဆောင်းနေပြီး သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ် ပတ်ဝန်းကျင် ဒေသများတွင်လည်း တောင်ကုတ်မြို့ကို ဝင်တိုက်ရန်အတွက် တစ်ရွာလျင် အင်အား (၃၀)စီ စုဆောင်းထားကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN