“ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်”

(ပြည်တွင်း)အောက်တိုဘာ ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အဖြစ် (၂၀၀)ကျပ်တန်အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို အောက်တိုဘာလ ၉ ရက်မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ အောက်တိုဘာလ ၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်မှာ တစ်ပြိုင် တည်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာ တိုက်ကြီးတို့မှာ အောက်တိုဘာလ ၉ ရက်မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်ပေါ်မှာ နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တံဆိပ်ခေါင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ စာတိုက်တွေမှာ ဝယ်ယူနိုင်ဖို့ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#PAN