နွားထိုးကြီးမြို့၊ မြို့မရဲ စခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ကြဲချတိုက်ခိုက်


(ပြည်တွင်း) အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ မြို့မရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဥ် ယနေ့နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုးကန်(အနောက်)ကျေးရွာဘက်၊ အမြင့်မီတာ ၈၀၀ ခန့်မှ ပျံသန်းလာသည့် UAV အမျိုးအစား လက်လုပ်လေယာဥ်ဖြင့် အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ကြဲချတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb များမှာ ရဲစခန်းမြောက်ဘက် ခြံစည်းရိုးတွင် ၄ လုံး၊ ရဲစခန်းရုံးရှေ့ ခြံစည်းရိုးကြားတွင် ၅ လုံး၊ ရဲစခန်းဝင်းအတွင်း ၁ လုံး၊ နွားထိုးကြီးမြို့နယ် ထွေ/အုပ်ရုံး မြေကွက်လပ်တွင် ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN