အင်းလေးဒေသမှာ ရေမသန့်ရှင်းမှုကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ယားနာရောဂါများ ဖြစ်ပွားနေ


(ပြည်တွင်း) အောက်တိုဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ရေမသန့်ရှင်းမှုများကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ယားနာရောဂါများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ယားနာရောဂါဖြစ်ပွားမှုမှာ ရေဘေးသင့်ပြည်သူများရဲ့ ၂၀ ရာခိုင်နှုန်းအထိသာရှိ ပေမယ့် ကူးစက်တတ်သောရောဂါများဖြစ်တဲ့အတွက် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကုသမှုများ ဆောင်ရွက်လျက် ရှိပါတယ်။

အခုလိုဖြစ်ပွားရခြင်းမှာ ရေမသန့်ရှင်းတာကြောင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ယားနာရောဂါများဖြစ်ပွားနေပြီး အဆိုပါရောဂါ များဟာ ကူးစက်တတ်တာကြောင့် ကျန်းမာရေးဌာနနဲ့ ဒေသခံ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ အလွန်အကျွံဖြစ်ပွားနေတာမျိုးမရှိအောင် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN