EV ကားဈေးကွက် ရောင်းအား နည်းပါးနေသောကြောင့် TOYOTA ကုမ္မဏီက အမေရိကန်ရှိ လျှပ်စစ်ကားစီမံကိန်းနှောင့်နှေး


(နိုင်ငံတကာ) အောက်တိုဘာ ၃

ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်စွမ်းအင်သုံးကားများ ဝယ်လိုအား ကျဆင်းနေမှုကြောင့် တိုယိုတာ ကားကုမ္မဏီ၏ အမေရိကန်တွင် အကောင်အထည်ဖော်မည့် လျှပ်စစ်ကား စီမံကိန်းစတင်မည့်ရက်ကို နောက်ဆုတ်ထားရကြောင်းသိရသည်။

နာမည်ကြီး ကားကုမ္မဏီက US EV စီမံကိန်းအား ၂၀၂၆ ခုနှစ်အတွင်း သတ်မှတ်မထားသည့်အချိန်မှ စတင်ရန် မျှော်လင့်ထားကြောင်း ကုမ္မဏီမှ ထုတ်ပြန်ထားသည်။

Volvo နှင့် Ford အပါအဝင် အခြားသော ကားထုတ်လုပ်သည့် ကုမ္မဏီများသည် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်မည့်အစီအစဉ်များအား ရွှေ့ဆိုင်းထားသည်။

တိုယိုတာကားကုမ္မဏီအနေဖြင့် လာမည့် ၂၀၂၆ တွင် EV ကားအစီးရေ ၁.၅ သန်း ထုတ်လုပ်ရန် အာရုံစိုက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN