ဘေရွတ်မြို့လယ် လေကြောင်းတိုက်ခိုက်မှုတွင် ၅ ဦးသေဆုံးကြောင်း လက်ဘနွန်ကြေညာ


(နိုင်ငံတကာ) အောက်တိုဘာ ၃

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့လယ်ရှိ အဆောက်အဦးတစ်ခုအား အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် လူ ၅ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူများကဆိုသည်။

အဆိုပါတိုက်ခိုက်ခံရသည့်နေရာသည် လက်ဘနွန်လွှတ်တော်နှင့် မီတာအနည်းအငယ်သာဝေးသည့် မြို့လယ်ခေါင်နေရာလည်းဖြစ်သည်။

အစ္စရေးစစ်တပ်သည် ဘေရွတ်မြို့၏ ဆင်ခြေဖုံးနေရာများတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ယခု တိုက်ခိုက်မှုသည် ပထမဦးဆုံး တိုက်ခိုက်မှုဖြစ်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၆ ဦးသေဆုံးပြီး ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN