Asthma ရောဂါ အကြာင်း

(ကျန်းမာရေးကဏ္ဍ)စက်တင်ဘာ ၂၈

     PAN ပရိတ်သတ်များ ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Asthma ရောဂါအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      Asthma ဆိုတာ ပန်းနာရင်ကြပ်လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Asthma ရဲ့ ရောဂါလက္ခဏာ တွေကတော့ အသက်ရှုရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုတဲ့အခါမှာ တရွှီရွှီနဲ့ မြည်သံကြားရခြင်း၊ ရင်ဘတ်မှာ တင်းကြပ်နေသလို ခံစားရခြင်း၊ အသက်ရှုရင် နာသလိုခံစားရခြင်း၊ အားမရှိသလို ခံစားရခြင်း၊ ပင်ပန်း နုံးချိခြင်း စသည်တို့ ဖြစ်ပါတယ်။ 

      Asthma ရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အသက်ရှုလမ်းကြောင်းမှာ ပိုး (Infection)ဝင်ခြင်း၊ တစ်စုံတစ်ခုနဲ့ allergy ရှိခြင်း(ဥပမာ ပန်းဝတ်မှုံ၊ အမွှေးနံ့၊ နံ့သာ၊ ဖုန်မှုန့်တွေ)၊ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ခြင်း၊ ဆေး လိပ်သောက်သုံးခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ခြင်း၊ စိတ်ခံစားမှုပြင်းထန်ခြင်း၊ ready made အစား အစာတွေ(တာရှည်ခံဆေးပါဝင်တဲ့) စတဲ့ အရာတွေကနေဖြစ်နိုင်ပါတယ်။
Asthma ရောဂါကို လုံးဝပျောက်အောင်တော့ ကုသလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာကိုတော့ သက်သာ အောင် ပြုမူနေထိုင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။

        ရာသီတုပ်ကွေး ကာကွယ်ဆေး Annual Flu Vaccine တွေထိုးခြင်း၊ ရင်ကြပ်တာကို ပိုဆိုးရွားစေတဲ့ အရာတွေကို ရှောင်ရှားခြင်း၊ allergen တွေနဲ့ ထိတွေ့မှုလျှော့ချခြင်း၊ ဆေးလိပ်သောက်သုံးမှု လျှော့ချခြင်း၊ ခုခံအား အသွင်ပြောင်းလဲ ခြင်းကုထုံး allergy shot ရယူခြင်း စသည်တို့ဖြင့် သက်သာအောင်နေထိုင်ပြီး Asthma မှ နာတာရှည်အဆုတ်ရောင် ရောဂါ ဖြစ်ပေါ်လာနိုင်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

#PAN