ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လိင်တူလက်ထပ်ခွင့် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာ


(နိုင်ငံတကာ) စက်တင်ဘာ ၂၅

စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်သည့် တော်ဝင်အမိန့်ပြန်တမ်းတွင် ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်း က နိုင်ငံအတွင်း လိင်တူလက်ထပ်ခွင့်ပြုသည့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြခဲ့ပြီး ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ဇွန်လအတွင်း လွှတ်တော်က အတည်ပြုခဲ့သည့် ၎င်းဥပဒေမူကြမ်းကို ထိုင်းဘုရင်က ဥပဒေသစ်အဖြစ် သဘောတူခွင့်ပြုခဲ့ပြီးနောက် ရက်ပေါင်း ၁၂၀ အတွင်း အကျုံးဝင်သက်ရောက်မည်ဖြစ်သဖြင့် လာမည့်နှစ် ဇန်နဝါရီလထဲတွင် ပထမဆုံးလိင်တူလက်ထပ်ပွဲများ ပြုလုပ်လာဖွယ်ရှိနေသည်။

ထိုင်းနိုင်ငံသည် အာရှတွင် ထိုင်ဝမ်နှင့် နီပေါနိုင်ငံပြီးလျှင် လိင်တူလက်ထပ်ခွင့်ပြုသည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပြီး၊ ၂၀၀၁ ခုနှစ်က နယ်သာလန်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လိင်တူလက်ထပ်ခွင့်ပြုခဲ့ပြီး နောက်ပိုင်း ကမ္ဘာတစ်ဝန်း လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့သည့်နိုင်ငံအရေအတွက် ၃၀ ကျော်ရှိခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အိန္ဒိယတရားရုံးချုပ်က လိင်တူလက်ထပ်ခွင့်ကို တားမြစ်ခဲ့ပြီး ဟောင်ကောင်တရားရုံးကလည်း လိင်တူလက်ထပ်ခွင့်ကို အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

Ref:AFP

Telegram»…
https://t.me/positiveanglenews

PAN