အောင်ပွဲရပြန်လာ‌သောမဒေါင်းလှကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်ရွာသူ/သားများကို ကန့်ဘလူမြို့နယ် ပြည်လူထုနှင့်ဌာနဆိုင်ရာအသီးသီးမှ ကြိုဆိုဂုဏ်ပြုပွဲကျင်းပ


စက်တင်ဘာ ၂၅

ယမန်နေ့ နံနက်ပိုင်းအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အောင်ပွဲဖြင့်ပြန်လာသော မဒေါင်းလှကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/သားများကို ကန့်ဘလူမြို့နယ် ဌာနဆိုင်းရာအသီးသီးနှင့် ပြည်သူလူထုမှ ဆီးကြိုဂုဏ်ပြုပွဲအခမ်းအနားတခု ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ထိုသို့အောင်ပွဲဖြင့်ပြန်လာသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/သားများကို ဗျူဟာမှူးကြီး၏ အနီးကပ် စီမံဆောင်ရွက်မှုတို့ဖြင့် အောင်ပွဲရမဒေါင်းလှကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ၅၅၀ ဆရာတော်ဦးဝါသဝ၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းတပ်ရင်းမှူးကြီး၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်ဒေသခံပြည်သူလူထုများမှ အိုးစည် ဒိုးပတ်၊ အောင်သပြေပန်း၊ ရေသန့်ဘူး၊ အအေးဘူးများဖြင့် သောင်းသောင်းဖျဖျ ‌ကြိုဆိုခဲ့ကြကြောင်း သိရပါသည်။

အောင်ပွဲရမဒေါင်းလှပြည်သူ့စစ်များနှင့် ရွာသူ/ရွာသားများကို ဗျူဟာမှူးကြီး၊ ၅၅၀ ဆရာတော် ၊ ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌ နှင့်ဌာနဆိုင်ရာ အကြီးအကဲများမှ နေရာချထားပေးခြင်း၊ နေ့လည်စာကျွေမွေးခြင်း၊ ကျန်းမာရေးမကောင်းသူများကို တပ်မတော်အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ဆေးဝါးကုသမှုများပြုလုပ်ခြင်း၊ ကျောင်း/သူ များ၏ ပညာရေးနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အောင်ပွဲရမဒေါင်းလှပြည်သူ့စစ်အဖွဲ့နှင့်ရွာသူ/သား များကို ရင်းနှီးဖော်ရွေစွာဖြင့် လိုက်လံတွေ့ဆုံခဲ့ကြောင်း သိရပါသည်။

#PAN