(နိုင်တကာ) စက်တင်ဘာ ၂၄
နျူကလီးယား လက်နက်စမ်းသပ်မှုကို အမေရိကန်ဘက်က မစတင်သမျှကာလပတ်လုံး ရုရှားကလည်း လုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ၏ လက်နက်ထိန်းချုပ်ရေး တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၃ ရက်တွင်ပြောသည်။
အမေရိကန်နှင့်ဥရောပမဟာမိတ်အဖွဲများက ယူကရိန်းကို ထောက်ပံ့ပေး ထားသည့် လက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ခွင့်ပြုပြီးနောက် ရုရှား က နျူကလီးယား လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်လာနိုင်သည်ဟူသော ပြောဆိုချက်များအပေါ် ရုရှားတာဝန်ရှိသူက ယခု ကဲ့သို့ တုံပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ပူတင်ကလည်း ယူကရိန်းပဋိပက္ခတွင် အနိုင်ရရှိရေးအတွက် နျူကလီးယားလက်နက်ကို အသုံးပြုရန်မလိုအပ်ကြောင်း ပြောထားသည်။
ရုရှားနိုင်ငံ၏နျူကလီးယားစမ်းသပ်ရာနေရာ ဖြစ်သည့် နိုဗာယာဇမ်လိုင်ယာ မှ အကြီးအကဲက နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ရန်အသင့်ဖြစ်နေပြီဖြစ်သည်ဟု ထုတ်ပြန်ပြီးနောက် ရုရှား တာဝန်ရှိသူများက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။
အလားတူ နျူကလီးယားစမ်းသပ်ရာနေရာကို အသင့် ပြင်ဆင်ထားခြင်းသည် အမေရိကန်နိုင်ငံ၏နျူကလီးယားစမ်းသပ်မှု အခြေခံအဆောက်အဦများအား အဆင့် မြှင့်တင်မှုများ လုပ်ဆောင်ချက်များကို တုံပြန်နိုင်ရေးအတွက် အသင့်ရှိနေသည့် သဘောဖြစ်ကြောင်း ရုရှားလက်နက် ထိန်းချုပ်ရေးမူဝါဒအကြီးအကဲ ဖြစ်သည့် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
Telegram»…
https://t.me/positiveanglenews