လက်ကိုင်ဖုန်းအတွင်း ပျောက်ကျားဝတ်စုံနှင့် သေနတ်ကိုင်ထားသည့် ဓာတ်ပုံများတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိ


(ပြည်တွင်း) စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လုံခြုရေးပူး‌ပေါင်အဖွဲ့များမှ ထောင်မှူးကျေးရွာ၊ သထုံ-ဘားအံကားလမ်းမကြီးပေါ် ၌ ယာဉ်ကြောပိတ်ဆို့စစ်ဆေးနေစဉ် မသင်္ကယဖွယ်ရာ ဆိုင်ကယ်တစ်စီးအား စစ်ဆေးရာ ယခုကဲ့သို့တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီချိန်ခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးအား မသင်္ကာသဖြင့် ၎င်းတို့၏ဖုန့းအား စစ်ဆေးရာ ဖုန်းအတွင်း၌ သေနတ် ကိုင်ဆောင်ပြီး ပျောက်ကျားဝတ်စုံများဖြင့်ရိုက်ထားသော ဓာတ်ပုံများတွေ့ရှိခဲ့သဖြင့် ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သထုံမြို့နယ်၊ အင်းကွဲကျေးရွာ၊ အနန်းပင်ကျေးရွာအုပ်စုနေသူများဖြစ်သည့် ဝင်းထိုက်စိုးနှင့် လိုက်ပါလာသူ စိုးမိုးထွန်း တို့သည် Honda wave-125 အိုင်ကြီး အမျိုးအစား၊ အဖြူရောင်အား သထုံမြို့ဘက်မှ ကြာပန်းကျေးရွာဘက်သို့ မောင်းနှင်လာစဥ် လုံခြုံရေးတပ်ဖွဲ့များမှ မသင်ကာသဖြင့် တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN