ဧရာဝတီတိုင်းဒေသကြီးမှာ ကညင်ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ဖော်ဆောင်မည်


(ပြည်တွင်း) စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးတွင် ကညင်ရေလှောင်တမံအတွင်း သိုလှောင်ထားတဲ့ ရေများကိုအသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ကညင်ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန် ကို ဖော်ဆောင်သွားမှာ ဖြစ်ပြီး အဆိုပါစီမံကိန်းကို ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလီမိတက်မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်း တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီတာဝန် ရှိသူများက စက်တင်ဘာလ ၂၁ ရက်နံနက်ပိုင်းက လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

အခုစီမံကိန်းက ကညင်ရေလှောင်တမံမှ သိုလှောင်ထားသည့်‌ရေများကို မိုးရာသီမှာ လုံလောက်စွာနဲ့ အသုံးချ ထုတ်လုပ်နိုင်မှာဖြစ်ပြီး နွေရာသီမှာ ဆည်ရေသောက်စိုက်ပျိုးမြေများအတွက်ပေးဝေတဲ့ ဆည်ရေကို ထိန်းသိမ်း အသုံးချနိုင်မယ့် အကျိုးကျေးဇူးများရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်ဆိုလာစနစ်နဲ့ပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်နိုင်‌ရေး ဆက်လက်ဆောင်ရွက်မှာဖြစ်လို့ များစွာအကျိုးရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွက်လိုအပ်တဲ့ လျှပ်စစ်ပမာဏကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတရေးရာဝန်ကြီးနှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလီမိတက်မှတာဝန်ရှိသူတို့က ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ ရေအားလျှပ်စစ် ၁၀ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်မှု၊ ဆိုလာပါဝါစနစ်နဲ့ ၂၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

Telegram»…
https://t.m/positiveanglenews

PAN