နိုင်ဂျီးရီးယားအကျဉ်း ထောင်နံရံများ ရေဘေးကြောင့်ပြိုကျမှုကြောင့် အကျဉ်းသားဦးရေ ၂၈၀ ကျော် လွတ်မြောက်

(နိုင်ငံတကာ)စက်တင်ဘာ ၁၇

       နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့ အကျဉ်းထောင်တစ်ခုတွင် ရေလွှမ်းမိုးမှုများကြောင့် နံရံများ ပြိုကျခဲ့ရာ အကျဉ်းသား ၂၈၁ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း နိုင်ဂျီးရီးယားတာဝန်ရှိသူများက စက်တင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

      ရေဘေးကြောင့် မိုင်ဒူဂူရီမြို့ အကျဉ်းထောင် အုတ်တံတိုင်းနံရံများ ပြိုကျမှုမှာ ယခုရက်သတ္တပတ် အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အကျဉ်းထောင်အုတ်တံတိုင်း နံရံများပြိုကျမှုကြောင့် ထွက်ပြေး လွတ် မြောက်သွားသည့် အကျဉ်းသားများအနက် ခုနစ်ဦးကိုသာ ပြန်လည်ဖမ်းဆီးထားနိုင်သည်။

      လက်ရှိအချိန်တွင် နိုင်ဂျီးရီးယားတာဝန်ရှိသူများသည် လွတ်မြောက်နေသည့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ကြိုးပမ်းနေရဆဲဖြစ်သည်။ ဘော်နိုပြည်နယ်၏ မြို့တော်ဖြစ်သည့် မိုင်ဒူဂူရီမြို့ သည် ပြီးခဲ့သည့်ရက်သတ္တ ပတ်အစောပိုင်းက နှစ်ပေါင်းများစွာအတွင်း အပြင်း ထန်ဆုံး ရေလွှမ်းမိုးမှုဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။

       မိုင်ဒူရီမြို့ ရေဘေးကြောင့် အနည်းဆုံး လူပေါင်း ၃၀ သေဆုံးခဲ့ရကြောင်း နိုင်ဂျီးရီးယားတာဝန်ရှိသူ များ ၏ အဆိုအရ သိရသည်။

#PAN