(ပြည်တွင်း) စက်တင်ဘာ ၇
မုန်လာဥနီတွေထဲမှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ antioxidantsများကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ beta-carotene ဓာတ်တွေပါဝင်ပြီး ကင်ဆာရောဂါအမျိုးအစားများစွာကို ကာကွယ် ကုသပေးနိုင်ပါတယ်။
နောက်ပြီးတော့ လေ့လာမှုတွေအရ beta-carotene ဟာ ရင်သားကင်ဆာနဲ့ ဆီကျိတ်ခြင်းကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေကြောင်းတွေ့ရှိခဲ့ရပါတယ်။
ဘယ်ရီသီးတွေက ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဘယ်ရီအသီးမှာ antioxidantတွေပါဝင်မှုက ကင်ဆာရောဂါကို မဖြစ်စေဖိုအတွက် ကာကွယ်နိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။
ပန်းပွင့်စိမ်းထဲမှာ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ကင်ဆာရောဂါကို မဖြစ်စေနိုင်ဖိုအတွက်ပါဝင်ပြီး ကင်ဆာနဲ့ အကျိတ်များဖြစ်ပွားမှုတိုကို လျော့ချပေးပါတယ်။ ပန်းပွင့်စိမ်းတွေမှာလည်း ကင်ဆာရောဂါမှ ကာကွယ်နိုင်တဲ့ Sulforaphane ဆိုတဲ့ဓာတ်လည်း ပါဝင်ပါတယ်။
ပန်းသီးမှာ Polyphenois ဟုခေါ်တဲ့ ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းခြင်း၊ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေမှ ကာကွယ်ပေးပါတယ်။ ပန်းသီးထဲမှာ ပါဝင်တဲ့ Polyphenoisက ကင်ဆာရောဂါ ဖြစ်နိုင်ခြေနဲ့ အကျိတ်များဖြစ်နိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
သစ်ကြားသီးစားခြင်းက ကင်ဆာရောဂါအမျိုးပေါင်းများစွာမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးအချိန်ကို လျော့ချပေးပြီး အစားခြေစနစ်အတွက်လည်း ကောင်းပါတယ်။
Telegram»…
https://t.me/positiveanglenews