“ရန်ကုန်ဆိပ်ကမ်းများသို နိုင်ငံတကာသင်္ဘောလိုင်းများမှ သင်္ဘောအစင်းရေ ၄ဝဝ ကျော် ဝင်ရောက်လျက်ရှိ”

(စီးပွားရေး) စက်တင်ဘာ ၆

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘောအစင်းရေ ၄၀၀ ကျော်ဝင်ရောက်ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ သိရပါတယ်။

လက်ရှိမှတော့ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးလျက်ရှိတာကြောင့် ကုန်သေတ္တာတင်သင်္ဘောများ ဝင်ရောက် မှုသည် ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် အစင်း ၅၀၊ ဇူလိုင်လတွင် အစင်း ၅၀၊ ဩဂုတ်လတွင် အစင်း ၅၀၊ စုစုပေါင်း ၄၀၉ စင်း ဝင်ရောက် ဆိုက်ကပ်ခဲ့ပါတယ်။

ထိုနည်းတူ ယခုစက်တင်ဘာလအတွင်းမှာလည်း ကုန်သေတ္တာတင်သင်္ဘောအစင်းရေ ၅၅ စင်း ဆက်လက် ဝင်ရောက်လာရန်လည်း ရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင် တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်း ၁၉ စင်း၊ စုစုပေါင်း ၄၆ စင်းနှင့် ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။

ပြည်တွင်းသို ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ဆိုက်ကပ်ကာ ကုန်တင်/ကုန်ချ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အောင်မောင်း(ရာမညမြေ)

PAN