KT ဖျော်ရည်လုပ်ငန်း ပိုင်ဆိုင်သည့် ခြံဝန်းအတွင်းသို့ Drop Bome ချ တိုက်ခိုက်ခံရ

 (ပြည်တွင်း)စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်၊ပြည်ကြီးရန်လုံရပ်ကွက်၊အကွက် (၇၀)၊၁၄လမ်း၊ ၈၆×၈၇ လမ်းကြား ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ည ၁၁နာရီ၄၀မိနစ်အချိန်ခန့်က အိမ်ရှင် ဦးပခြံဝန်၊၈၃နှစ်၊(ဘ)ဦးတင်၊KT ဖျော်ရည်လုပ်ငန်း ပိုင်ဆိုင်သည့် ခြံဝန်းအတွင်းသို့ Drop Bome ဟု ယူဆရသည့်အရာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် RC ၂ထပ်တိုက်၏ အောက်ထပ်ရှိ ပြတင်းပေါက် မှန်တံခါး ၅ ချပ် ကွဲကြေပျက်ဆီးခဲ့သည့်ဟု ဒေသခံများကပြောသည်။

အဆိုပါ Drop Bome ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

#PAN