ထီဆုမဲ တစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေ


(ပြည်တွင်း) စက်တင်ဘာ ၆

(၅၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု အပါအဝင် ဆုမဲ တစ်သောင်းကျော် ထုတ်ယူဖို့ကျန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၅၅)ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှာ ဆုမဲပေါင်း တစ်သိန်း တစ်သောင်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲပေါင်း တစ်သောင်းကျော်ကို လက်ရှိအချိန်ထိ တောင်းခံခြင်း မရှိသေးတာ ဖြစ်ပါတယ်။

လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုမဲတွေထဲမှာတော့ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ ခြောက်ဆု၊ ကျပ်သိန်း ၂၀ သုံးဆု အပါအဝင် ဆုမဲပေါင်း တစ်သောင်း တစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

အဆိုပါဆုရလက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲရုံး တွေမှာ လာမယ့် စက်တင်ဘာလ ၃၀ ရက်အထိ လာရောက်တင်ပြထုတ်ယူတာ မရှိပါကအခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN