တောင်းရမ်းစားသောက်နေသူများအား နေရပ်သို့ပြန်ပို့


(ပြည်တွင်း)စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊တာချီလိတ်မြို့၊ခရိုင်နှင့်မြို့နယ်လူမှု့ဝန်ထမ်းအဖွဲ့ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့၏ဦးဆောင်မှု့နှင့်အတူ တာချီလိတ်မြို့ပေါ် လမ်းမများပေါ်တွင်တောင်းရမ်းစားသောက်နေသည့် လူကြီး( ၃၂)ယောက် ၊ကလေး( ၁၄)ယောက် စုစုပေါင်း( ၄၆)ဦးအား ယမန်နေ့က တာချီလိတ်မြို့မှ ၄င်းတို့နေထိုင်သည့်နေရပ်များသို့ပြန်ပို့နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း မေတ္တာရှင် လူမှု့ကူညီရေးအသင်းဖွဲ့ထံမှ သိရသည်။

တာချီလိတ်ခရိုင်လားဟူစာပေနှင့်ယဥ်ကျေးမှု့အဖွဲ့မှ ပြန်ပို့ပေးသည့်လူဦးရေအလိုက်ကုန်ကျမှု့များအားတာဝန်ယူပေးခဲ့ပြီး နေရပ်ပြန်များစာရင်းပြုစု့ခြင်း၊ပညာပေးပြောဆိုခြင်းများပြုလုပ်ခြင်းတွင် မေတ္တာရှင်လူမှု့ကူညီရေးအသင်း ဥက္ကဌ နှင့် ကော်မတီများမှ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့နှင့် အတူပါဝင်ဆောင်ရွက်ခဲ့ကြပြီး ယခုလိုပြန်လည်ပို့ဆောင်ခြင်းသည် တတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN