ကချင်ပြည်နယ်အတွင်းရှိ လမ်းများပျက်စီးခြင်း၊တိုက်ပွဲများဖြစ်ပွားခြင်းများကြောင့် ကုန်းလမ်းပို့ဆောင်ရေး အဆမတန်ဈေးနှုန်းမြင့်တက်


(ပြည်တွင်း) စက်တင်ဘာ ၆

ကချင်ပြည်နယ်အတွင်းရှိ ခရီးမိုင် ၁၀၀ ကျော်သာကွာဝေးသည့် မြစ်ကြီးနား-တနိုင်းခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင်ယာဉ်စီခမှာ ယခင် ၃၀၀၀၀ ကျပ်သာရှိခဲ့ရာ ယမန်နေ့ထိယာဉ်းစီးခမှာ တစ်ဦးလျှင် ၁၀၀၀၀၀ ကျပ် အထိပေးနေရကြောင်းဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မြစ်ကြီးနားမှ တနိုင်းမရောက်မီ ဒွမ်ဘန်-ရှဒူဇွပ်ကြား၌ ၃ နေရာ၊ နောင်းမီ-ဝါရာဇွပ်ကြား ၃ နေရာစုစုပေါင်း ၆ နေရာ၌ ကားလမ်းများပျက်စီးနေသည့်အတွက် ကားများအတက်အဆင်း ခက်ခဲနေကြာင်း သိရှိရသည်။

ထို့အတူ မန္တလေး-မြစ်ကြီးနားသို့ ခရီးသည်တင်ယာဉ်ငယ်အချို့ ပြန်လည်ပြေးဆွဲနေ​ပြီဖြစ်ကြောင်း သိရသောလည်း လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လမ်းပိုင်းနေရာအချို့ကို ပိတ်ထားရခြင်းဖြစ်ကာ ကွင်းရှောင်လမ်းမှသွားရသဖြင့် နှစ်ညအိပ်သုံးရက်ခန့်ကြာမြင့်ပြီး ယာဉ်စီးခဈေးနှုန်းမြင့်မားလျှက်ရှိပြီး ခရီးသွားချိန်ကြန့်ကြာကြောင်းသိရသလို လက်ရှိယာဉ်လိုင်းအမျိုးအစားအလိုက် ကျပ် ၁၃၀၀၀၀ မှ ကျပ် ၁၅၀၀၀၀ အထိပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းသို့ ယခုအချိန်ထိ ကုန်တင်ကားကြီးများ၊ လူတင်ကားကြီးများမှာပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN