ကလေးမြို့နယ် မြို့ကြီးကုန်းကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) စတင်ဘာ ၁

ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးအဖွဲ့များနယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြို့ကြီးကုန်းကျေးရွာ အနီးရှိ လူမနေသည့်နေအိမ်ကိုရှင်းလင်းစဉ် အကြမ်းဖက် PDF များဝှက်ထားသည့် လက်နက်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သိမ်းဆည်းရရှိသောပစ္စည်းများမှာ လက်လုပ်သေနတ် ၅ လက်၊ လေသေနတ် ၂ လက်၊ ၁၂ ဗို့ကျည် ၈၉ တောင့်၊ လက်လုပ်မိုင်း ၁၆ လုံး၊ ယမ်းထုပ် ၄ ထုပ်ယမ်းကြိုး ၁ ခွေ၊ ဝါယာကြိုး ၂ ခွေ၊ဒီတိုနေတာ ၉ ခု၊ ဘက္ထရီအိုး ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ ပြောက်ကျားမိုးကာတဲ ၁ လုံး၊ ပြောက်ကျားဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ