ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြိုတော်ကြီးကို ကာကွယ်ရန်၊ စစ်ဘေးမဖြစ် စေရန်အတွက် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

(ပြည်တွင်း) ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြိုရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြိုတော်ကြီးကိုကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် ပြည်သူများက ဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြိုနယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့တွင် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို မန္တလေးမြိုနှင့် အနီးပတ်ဝန်းကျင်များမှ သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများက မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီး နှစ်ကောင်ရှေ့တွင် စုရပ်ပြုလုပ်၍ ပြည်ကြီးတံခွန်မြိုနယ်၊ တံခွန်တိုင်အဝိုင်းသို စနစ်တကျ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် ယဉ်ကျေးမှုအမွေအနှစ်များတည်တံ့ဖို ဒိုမန္တလေးသားတွေ စောက်ရှောက်စို၊ မန္တလေးမြိုကြီး မပျက်စီးဖို မန်းပြည်သူတွေစည်းလုံးစို၊ ရာဇဝင်ကောင်းတဲ့ ဒိုမန္တလေး ဒိုမျိုးဆက်အတွက် ဆက်ထိန်းပေး၊ အကြမ်းဖက်မှုများ တိုက်ခိုက်ဖို မန်းပြည်သူတွေညီကြစို၊ တိုင်းရင်းသား ညီအကိုမောင်နှမများ စည်းလုံးညီညွှတ်ရေး ဒိုအရေး၊ မန္တလေးမြိုကြီး တည်ငြိမ်အေးချမ်းရေးဒိုအရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောက်ရှောက်ရေး ဒိုအရေး၊ အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

#PAN