ပဲခူးမြို့နယ် ဝင်္ဂဘော်ဆင်စခန်းတွင် ဆင်အမွှာစုံမွေးဖွားခဲ့


(ပြည်တွင်း) ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးရှိ ဝင်္ဂဘော် ECBT ဆင်စခန်းမှာရှိတဲ့ အသက်(၂၁ )နှစ်အရွယ်ရှိ ဆင်မကလေးပုလဲစန္ဒာမှ ပထမဆုံးအကြိမ်မွေးဖွားခြင်းအနေဖြစ် သြဂုတ်လ (၂၆) ရက်နေ့ ဆင် အမွှာမောင်နှမအား မွေးဖွားခဲ့ခြင်းဖြစ်ပြီး နံနက်(၃:၃၈)မိနစ်အချိန်မှာ ဆင်မကလေး (အကြီး) ပုလဲဆင့်နှင့် နံနက်(၃:၄၂)မိနစ်အချိန်မှာ ဆင်ထီးကလေး(အငယ်)ကျော်ပုလဲတို့ မွေးဖွားခဲ့တာဖြစ်ပါတယ်။

မွေးဖွားခဲ့သော ဆင်မောင်နှမမှာ အရပ်အနည်းငယ်နိမ့်ပြီး နို့စို့ရာတွင်မမှီလို့ နို့စို့နိုင်ရန်အတွက် ယာယီခုံလေးပြုလုပ် ပေးထားရကြောင်းသိရပြီး မိခင်ဆင်မကြီး၏ နို့တမျိုးတည်းနှင့် ဆင်ကလေးများ နို့မဝနိုင်သဖြင့် ဒူးမက်စ်စတပ်တူးကိုဖျော်ပြီး နို့ဗူးနဲ့ပါ တိုက်ကျွေးပြုစုနေရပြီး ဆင်မကြီးကိုလည်း အာဟာရတွေပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ဖြည့်စွက်စာအဖြစ် စပါးကိုကျွေးပေးနေရပြီး ထူးခြားပြီးချစ်စရာကောင်းတဲ့ ဆင်အမွှာလေး(၂)ကောင်အား လာရောက်၍ကြည့်ရှုလေ့လာရင်း ဆင်စခန်းမှာ လာရောက်အပန်းဖြေဖို့ ဝင်္ဂဘော်ဆင်စခန်းမိသားစုမှ နွေးထွေးပျူငှာစွာ ဖိတ်ကြားအပ်ပါကြောင်း ဝင်္ဂဘော်ဆင်စခန်း မှသတင်းထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ