ဒေါ်လာဈေးကျသော်လည်း ကုန်ဈေးနှုန်း ပြန်မကျ


(ပြည်တွင်း) ဩဂုတ် ၂၈

ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးများ ပြန်ကျနေပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းမှုမသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ပထမပတ်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၆၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၅၆၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာခဲ့သည်။

ဒေါ်လာဈေးတက်နေသည့် အချိန်ကာလအတွင်း ကုန်ဈေးနှုန်းများသည် နာရီနှင့်အမျှ ဈေးပြောင်းလဲကာ မြင့်တက်လာခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ကုန်ဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိသေးကြောင်း အိမ်ရှင်မများ ပြောာဆိုနေကြသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ