အစ္စရေးစစ်တပ်မှ ဂါဇာအနောက်ခြမ်းအား အဓိကစစ်ဆင်ရေးတရပ်စတင်


(နိုင်ငံတကာ) ဩဂုတ် ၂၈

အစ္စရေးစစ်တပ်သည် ဂါဇာအနောက်ဘက် ကမ်းမြောင်ဒေသသို့ အဓိကစစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း သိရသည်။

ဂျေရုဆလင်အပါအဝင် အနောက်ဘက် ကမ်းမြောင်ရှိ မြို့များသို့ အစ္စရေးစစ်တပ်မှ သံချပ်ကာကားများ ဘူဒိုဇာများ အသုံးပြုကာ ရှင်းလင်းဝင်ရောက်နေကြောင်းသိရသည်။

အနောက်ဘက်ကမ်းမြောင်တွင်ရှိသော ပါလက်စတိုင်း ဒုက္ခသည်စခန်းများကိုလည်း အင်အားအလုံးအရင်းဖြင့် ဖယ်ရှားခိုင်းခဲ့ပြီး အဆောက်အဦးအချို့ကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက “ဒါက စစ်ပွဲတစ်ခုဖြစ်ပြီး ငါတို့အနိုင်ရရမယ်”ဟု ပြောဆိုခဲ့သည်။

ယခုပြုလုပ်သည့် အစ္စရေး၏ စစ်ဆင်ရေးတွင် အနည်းဆုံး ပါလက်စတိုင်း ၁၁ ဦးသေဆုံးပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ