ရုပ်ရှင်ရုံတွေက နိုင်ငံတော်အလံအလေးပြုသူတွေလှောင်ပြောင်ခံနေရ


(ပြည်တွင်း) ဩဂုတ် ၂၈

ရန်ကုန်မြို့ ရုပ်ရှင်ရုံအချို့တွင် နိုင်ငံတော်အလံအလေးပြုသူအချို့လှောင်ပြောင်ဆဲဆိုခံနေရသည်ဟု ကိုယ်တိုင်ကြုံတွေရသူလူငယ်တစ်ဦးက PAN ကိုပြောသည်။

“နိုင်ငံတော်အလံကိုအလေးပြုရမယ်ဆိုတော့ ကျွန်တော်တို့ကလည်းထပြီးအလေးပြုတာပေါ့ အဲ့ဒီအချိန်မှာ အနောက်ကလူကြီးတွေက”-ီးလို့ပြုရမှာလားကွ၊ -ိုးပသားတွေဆိုပြီး ဆဲတယ်” လို့ ရုပ်ရှင်ရုံတစ်ခုမှာကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် အမည်မဖော်လိုသူ လူငယ်တစ်ဦးမှပြောသည်။

နိုင်ငံအဝှမ်းတွင် ရုပ်ရှင်ရုံများဖွင့်လှစ်ပြသနေပြီး ရုပ်ရှင်ရုံများ၏ထုံးစံအရ ရုပ်ရှင်မပြသမှီ ကြည့်ရှုသူများ နိုင်ငံတော်အလံကိုအလေးပြုကြရသော်လည်း မတ်တတ်မရပ်ခြင်း၊ နိုင်ငံတော်အလံ အလေးမပြုခြင်စသည်များ ရှိနေသဖြင့် ကြပ်မတ်အရေးယူသင့်သည့်ဟုလည်း ပြောဆိုမှုများရှိနေသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ