ရုရှားက ယူကရိန်းကို ဒုတိယအကြိမ် ပြင်းပြင်းထန်ထန်တိုက်ခိုက်


(နိုင်ငံတကာ) ဩဂုတ် ၂၇

ယူကရိန်း၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုနောက်တွင် ဒုတိယအကြိမ်မြောက် ရုရှားက ယူကရိန်းနိုင်ငံအတွင်းသို့ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ယမန်နေ့က ကိယက်ဗ်မြို့ရှိ စွမ်းအင်အရင်းအမြစ်များအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ယူကရိန်း၏ မြို့တော်တွင် ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးစနစ်များ ပြတ်တောက်ခဲ့ကြောင်းသိရသည်။

ဒုတိယနေ့တိုက်ခိုက်မှုတွင် ယူကရိန်းမြို့တော် Kyiv၊နှင့် Lviv ၊ Kharkiv ၊ Odesa မြို့ရှိ ပစ်မှတ်များအား တိကျသည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရုရှား၏ တန်ပြန်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများမှ ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ