တရုတ်နှင့်ဖိလစ်ပိုင်တိုမှ ရေယာဉ်များ ထပ်မံတိုက်မိမှုဖြစ်ပွား


(နိုင်ငံတကာ) ဩဂုတ် ၂၆

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေဆဲဖြစ်သည့် တောင်တရုတ်ပင်လယ်၌ တရုတ်ကမ်းခြေစောင့်တပ်ဖွဲနှင့် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲတိုမှ ရေယာဉ်များ ထပ်မံတိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။

ဖိလစ်ပိုင်ရေယာဉ် များသည် ရှမ်းပင်ကျောက်တန်းအနီးသို ပိုင်နက်ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ရေယာဉ်များကို ရည်ရွယ်ချက် ရှိရှိ ဝင်တိုက်ခြင်းဖြစ်သည်ဟု တရုတ်ကမ်းခြေစောင့်တပ်ဖွဲပြောရေးဆိုခွင့်ရှိသူ ကန်းယုက ပြောသည်။

ထိုသို့ ဝင်တိုက်မှုသည် ဩဂုတ်လ ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကို တရုတ်အစိုးရနှင့် ကမ်းခြေစောင့်တပ်ဖွဲတိုက ဥပဒေနှင့်အညီ လိုအပ်သလို အရေးယူတုံပြန် သွားမည်ဟု ကန်းယု က ဆက်ပြောသည်။

သို့သော် ဖိလစ်ပိုင်ဘက်ကမူ ၎င်းတိုအနေဖြင့် တရုတ်ရေယာဉ်ရှစ်စင်း၏ ရန်ရှာမှုကို ခံရခြင်းဖြစ်ကြောင်း တန်ပြန်စွပ်စွဲထားသည်။ ထိုနှစ်နိုင်ငံကြားရှိ ရေယာဉ်များသည် ဩဂုတ်လ ၁၉ ရက်တွင်လည်း အလားတူ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ