တယ်လီဂရမ်တည်ထောင်သူ ဒူရော့ဖမ်းဆီးခံရမှုအား ၉၆ နာရီအတွင်း ဆုံးဖြတ်မည်


(နိုင်ငံတကာ) ဩဂုတ် ၂၆

တယ်လီဂရမ်တည်ထောင်သူ ပါဗယ်ဒူရော့ဖမ်းဆီးခံရမှုအား ၉၆ နာရီအတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း ပဲရစ်တရားရုံးမှ သတင်းရင်းမြစ်များအား ကိုးကား၍ ပြင်သစ်မီဒီယာများဖော်ပြသည်။

ပဲရစ်မြို့ လေဆိပ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရသည့် ပါဗယ်ဒူရော့သည် တယ်လီဂရမ် အက်ပလီကေးရှင်းနှင့်ပတ်သက်ပြီး ဝရမ်းထုတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တယ်လီဂရမ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ စီအီးအို ပါဗယ်ဒူရော့အနေဖြင့် အက်ပလီကေးရှင်းပတ်သက်ပြီး မည်သည့်အရာမျှ ဖုံးကွယ်စရာအကြောင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

တယ်လီဂရမ်အက်ပလီကေးရှင်းအား ရာဇဝတ်မှုဆိုင်ရာ အသုံးပြုမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ကလေးသူငယ်ဆိုင်ရာ လိင်ပိုင်းဆိုင်ရာ ဖြန့်ဝေမှုနှင့် လိမ်လည်မှုများအား တားဆီးရန် ပျက်ကွက်မှုတို့ဖြစ် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုတို့ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ မစ္စတာ ပါဗယ်ဒူရော့သည် ရုရှားနိုင်ငံဖွားတစ်ဦးဖြစ်ပြီး ယခုအခါ တယ်လီဂရမ်ရုံးစိုက်ရာ ဒူဘိုင်းတွင်နေထိုင်ပြီး၎င်းသည် အာရပ်စော်ဘွားပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံသားဖြစ်ခွင့်ရှိသူ လည်းဖြစ်သည်။

တယ်လီဂရမ် အက်ပလီကေးရှင်းသည် ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ ၁ ဘီလီယံအထိရှိပြီး ယခင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများတွင် သုံးစွဲမှုများပြားသည့် လူမှုကွန်ယက် အက်ပလီကေးရှင်းတစ်ခုလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ