ရိုက်တာသတင်းထောက်တစ်ဦး ယူကရိန်းတွင် ဒုံးကျည်ထိမှန်သေဆုံး

(နိုင်ငံတကာ) ဩဂုတ် ၂၆

ရိုက်တာ သတင်းထောက်အဖွဲ့ဝင်တစ်ဦး ယူကရိန်းထိန်းချုပ်သည်နယ်မြေရှိ ဟိုတယ်တစ်ခုတွင် ဒုံးကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်မြေပြင်နှင့် နီးကပ်သည့် Kramatorsk မြို့ Hotel Sapphire တွင် တည်းခိုနေသည့် ရိုက်တာ သတင်းထောက် ၆ ဦးမှာ ဒုံးကျည်ထိမှန်ခဲ့ပြီး တစ်ဦးမှာနေရာတွင် သေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်များမှာ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ် ဗြိတိန်နိုင်ငံသား ရွိုင်ယန် အီဗန်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား ယမန်နေ့ ညနေ ၆ နာရီခွဲဝန်းကျမှ ကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုအား ရုရှားမှ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များမှ ထုတ်ပြန်ထားပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။
ရွိုင်ယန်အီဗန် သေဆုံးမှုနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ရိုက်တာ သတင်းဌာနကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ