အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ ပြင်းထန်စွာ ပစ်ခတ်မှုများ ဖြစ်ပေါ်နေ

(နိုင်ငံတကာ) ဩဂုတ် ၂၆

လဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့အကြား ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။


အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းဒေသများအား မြေပြင် ဒုံးကျည်များ လေကြောင်းတိုက်ခိုက်မှုများ ရာနှင့်ချီပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာ၏ ဒုံးကျည်ပစ်လွှတ်သည့်နေရာပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့ အကြီးတန်းတပ်မှူးတစ်ဦး လုပ်ကြံခံရမှုအတွက် အစ္စရေးအား ဒုံးကျည်အစင်း ၃၀၀ ကျော်နှင့် ဒရုန်းများအသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အစ္စရေးစစ်တပ်နှင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များသည် တိုက်ပွဲများကို မလိုလာကြောင်း ဆိုသော်လည်း နှစ်ဖက်တိုက်ခိုက်မှုများ သိသိသာသာတိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။


ဟစ်ဇ်ဘိုလာအဖွဲ့သည် ၂၀၀၆ ခုနှစ် စစ်ပွဲအပြီး အကြီးမားဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်နေပြီး အစ္စရေးလေတပ်ကလည်း Beaufort ရဲတိုက်၊ Bir Kalb ဧရိယာနှင့် Ain Qana၊ Kfar Fila၊ Louaizeh၊ Bsalia၊ Kfar Melki၊ Sajd နှင့် Sarba မြို့များအား ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ