“လုံခြုံရေးအခြေအနေအရ ယာယီရပ်နားထားသည့် မြင်းခြံမြို့မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်၍လည်ပတ်”

(ပြည်တွင်း) သြဂုတ် ၂၅

နယ်မြေလုံခြုံရေးကြောင့် ယာယီရပ်နားထားရသည့် မြင်းခြံမြို့မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်တွင် Sembcorp Industries က အသိပေး‌ကြေညာခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းအတွင်းရှိမှာတည်ရှိတဲ့ မြင်းခြံဓာတ်အားပေးစက်ရုံကို နယ်မြေလုံခြုံရေးကြောင့် လုပ်ငန်းများ လည်ပတ်မှု ယာယီရပ်ဆိုင်းကြောင်းကို ဩဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၃ ရက်မှာတော့ ပြန်လည်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။Sembcorp Industries အနေနဲ့ နယ်မြေအတွင်းလုံခြုံရေးအခြေအနေမှာ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်တာကြောင့် စက်ရုံကို ပြန်လည်၍လည်ပတ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ကြေညာချက်မှာထည့်သွင်း ဖော်ပြ ထားပါတယ်။

#PAN