ထိုင်းနိုင်ငံဖူးခက်မြို့တွင်မိုးသည်းထန်မှုကြောင့် တောင်မြေပြိုကျမှု ဖြစ်ပွါး


(နိုင်ငံတကာ) ဩဂုတ် ၂၄

သြဂုတ်လ ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ ဩဂုတ်လ ၂၂ ရက်နေ့ ညဦးပိုင်းမှ ၂၃ ရက်နေ့ နံနက်ပိုင်း အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ မှုကြောင့် ဖူးကက်မြို့ အနောက်တောင်ပိုင်း ဧရိယာတခုဖြစ်သည့် ဖူးကက်ခရိုင်၊ ကရွန်မြို့နယ်၊ ရပ်ကွက်အမှတ် ၂၊ ပါ့တပ် ၈ လမ်းရှိ ကတဘုန်းတော်ကြီးကျောင်း နောက်ကျောဘက်တွင် တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၂၅၀ ခန့်နှင့်အတူ လမ်းတံတားများ ပျက်စီးဆုံးရှုံးပြီး၊ လူအသေအပျောက်နှင့် ထိခိုက်ဒါဏ်ရာရရှိမှု များပြားစွာရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်မှစပြီး ဖူးကက်ပြည်နယ် အုပ်ချုပ်ရေးမှူးဦးစီးသော တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ဒေသ အသင်းအဖွဲ့များမှရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုအချိန်ထိ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ သေဆုံးသူ (၁၁)ဦး၏ ရုပ်အလောင်းများကို ဖော်ယူရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။ သေဆုံးစာရင်းတွင် ရုရှားနိုင်ငံသား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ပျောက်ဆုံးနေကြောင်းသိရှိရပြီး ထပ်မံရှာဖွေမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

သေဆုံးသွားသည့် မြန်မာနိုင်ငံသားများမှာ မမျိုးမြတ်မြတ်အေး ၂၃ နှစ်၊ မအိအိဖြိုးလှိုင် ၃၁ နှစ်၊ ကိုရာဇာထက် ၂၅ နှစ်၊ မအိအိစန်း ၂၇ နှစ်၊ ကိုအောင်ပိုင်ဖြိုး ၂၅ နှစ်၊ မလဲ့လဲ့စန်း ၄၆ နှစ်၊ ကိုအောင်မျိုးခန့်နှင့် ချိုယဉ်သန်း ၂၅ နှစ်၊ ယနေ့ အလောင်းတွေ့ရှိတို့ ဖြစ်ကြပြီး ပျောက်ဆုံးသွားသူ ၁ ဦးမှာ ကိုကျော်လွင်၊ အသက် ၄၉ နှစ်တို့ ဖြစ်​ကြောင်း သိရသည်။

၎င်းအပြင် ထပ်မံသိရသော အချက်အလက်အရ မြန်မာနိုင်ငံသား “မပြည့်စုံအေး ၂၃ နှစ်”မှာ ထိခိုက်ဒါဏ်ရာဖြင့် Chalong Hospital ဆေးရုံတွင် ကုသမှု ခံယူ နေကြောင်း၊ သေဆုံးသူတို့၏ Dead Body များကိုမူ Vachira Phuket Hospital တွင် သိမ်းဆည်းထားကြောင်း သိရှိရသည်၊

Telegram»…
https://t.me/positiveanglenews

PAN

ZN#SZ