တရုတ်-ထိုင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်း စစ်ပွဲငယ်တစ်ခုဆင်နွှနိုင်သည်အထိ လိုအပ်သည့်အရာများ ပါဝင်ဟုဆို


(နိုင်ငံတကာ) သြဂုတ် ၃၃

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြားတွင် ဆောင်ရွက်လျက်ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းသည် စစ်ပွဲငယ်တစ်ခုဆင်နွှနိုင်သည်အထိ လိုအပ်သည့်အရာများ ပါဝင်ကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်လာသည်ဟု SCMP သတင်းဌာနက ဩဂုတ်လ ၂၂ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ နှစ်နိုင်ငံသည် Falcon Strike 2024 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၌ ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့် ခန်း၌ အထူးတပ်ဖွဲ့များကို ပထမဆုံးအသုံးပြုမှုပါဝင်ကြောင်းနှင့် ယခင်စစ်ရေးလေ့ကျင့်ခန်းများထက် ပိုမိုရှုပ်ထွေး၍ ကျယ်ပြန့်ကြောင်း တရုတ်နိုင်ငံ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်အကုန်မှစ၍ ဩဂုတ် လ ၂၉ ရက်အထိဆောင်ရွက်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် နှစ်နိုင်ငံကြား၌ နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှု၊ ပူးတွဲ လေကြောင်းရန်ကာကွယ်မှု၊ ရန်သူကိုဟန့်တားမှု၊ တာဝန်ဆောင်ရွက်ချက်ကို ပြန်လည်အစီရင်ခံစေမှုတို့ ပါဝင်သည်ဟု CCTV သတင်းဌာန က ဖော်ပြထားသည်။

ယခုကဲ့သို့ အဆင့်ငါးဆင့်ပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်းတွင် စစ်ပွဲငယ်တစ်ခုကို ဆင်နွှနိုင်စေသည်အထိ လိုအပ်သော အရာအားလုံးပါဝင်သည်ဟု တရုတ်စစ်ရေး သုတေသီ ဖူးကျန်းရှောင် က ပြောသည်။

အလားတူ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတိုကြား စစ်ရေးလေ့ကျင့်မှုသည် ပူးတွဲလေ့ကျင့်မှုထက် တကယ့်စစ်မြေပြင်နှင့် ဆင်တူသည့် တိုက်ပွဲဝင် လေ့ကျင့်မှုကဲ့သို့ ဖြစ်လာပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲ လေတပ်လေ့ကျင့်မှုများကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ