“ယခုနှစ်အတွင်း ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသို လာရောက်ဖူးမြော်သည့် ဘုရားဖူးဦးရေ ငါးသိန်းခန့်ရှိ”


(ပြည်တွင်း) ဩဂုတ် ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြိုနယ်၊ ဟိုင်းကြီးကျွန်းမြို မော်တင်စွန်းအငူ၌ တည်ထားကိုးကွယ်သော ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသို ယခုနှစ်အတွင်း လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည် ဦးရေ ငါးသိန်းခန့် ရှိကြောင်းသိရပါတယ်။
အဆိုပါ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်ကာလတွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူး ဧည့်သည်အများအပြားလာရောက်ဖူးမြော်ကြရာ ဘုရားဖူးဧည့်သည်များ အခမဲ့တည်းခိုနိုင်ရန်အတွက် စေတီတော် ဂေါပကအဖွဲက တန်ဆောင်းများ၊ ဓမ္မာရုံများမှာ နေရာများစီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ရေလမ်းမှဖြစ်စေ၊ ပုသိမ်-မော်တင်ကားလမ်းမှဖြစ်စေ လာရောက်နိုင်ပြီး ဘုရားအနီးဝန်းကျင်တွင် စားသောက် ဆိုင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများကိုလည်း ဖွင့်လှစ်ပေးထားခြင်းနှင့် ခရီးသွားဧည့်သည်များအတွက်များစွာ စီစဉ်ပေးထားတိုခြင်းတိုကြောင့် လာရောက်ဖူးမြော်သူများအနေနဲ့ အဆင်ပြေလျက်ရှိတယ်လို သိရပါတယ်။

#PAN