ယာယီနေရပ်စွန့်ခွာသူများအတွက် ရိပ်သာမြေအချိုကို အသုံးပြုမည်


(ပြည်တွင်း) သြဂုတ် ၂၂

လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကနေ တိမ်းရှောင်လာကြတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူ တွေအတွက် သဘာဝတရားရိပ်သာတွေရဲ့ မြေအချိုကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ က မိန့်ကြားခဲ့ပါတယ်။

လက်ရှိမှာ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေ ခိုလှုနေထိုင်လို့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေ ရှိနေသလို ဆက်လက်ပြီးတော့ သဘာဝတရားရိပ်သာ မြေတချို့ကို အသုံးပြုသွားမယ်လို့ မိန့်ကြားခဲ့ပါတယ်။

သဘာဝတရားရိပ်သာတွေရဲ့ မြေအချိုကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် အဲဒီမြေတွေပေါ်မှာ အဆောက်အဦတွေ ဆောက်လုပ်ဖို့ အတွက်ကိုပါ ဆရာတော်ကိုယ်တိုင် ဦးဆောင်မတည်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်း မှုတွေနဲ့အတူ လုပ်ဆောင်သွားမှာဖြစ်သလို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့လည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

သဘာဝတရားရိပ်သာအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ တရားအားထုတ်တဲ့ ယောဂီတွေကိုသာမက နေထိုင်ရေးအခက်အခဲကြုံနေတဲ့ အများပြည်သူတွေကိုပါ လက်ခံပြီးနေစရာ ယာယီပေးတာနဲ့ အပိုင်ပေးတာတွေကိုပါ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ