ကလေးမြို့နယ် စည်ပင်ကြီးကျေးရွာအနီး နှင့် အရာတော်မြို့နယ် ငွေတွင်းကျေးရွာအနီးတို့တွင် အကြမ်းဖက် PDF များ၏ အလောင်းများနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) ဩဂုတ် ၂၁

ယမန်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကလေးမြို့နယ် စည်ပင်ကြီးရွာအနီး နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက် PDF ၃ လောင်း၊ မောင်းပြန်သေနတ် ၃ လက်၊ AK-47 သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၄၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံးရှော့တိုက်ဒုံးသီး ၁ လုံး၊ ဘက္ထရီအိုး ၁ လုံးမိုင်းမျိုးစုံ ၅ လုံး၊ နီ/နက်ဝါယာကြိုး ၁ ခွေတို့ကို သိမ်းဆည်းရရှိကြောင်းသိရပါသည်။

ထို့အတူ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်လည်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာအနီး အကြမ်းဖက် PDF များနှင့် နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက် PDF အဖွဲ့များကို ဒေသတွင်းပြည်သူများမှ ၎င်းတို့လှုပ်ရှားနေသော စခန်းများ၊ သင်တန်းပို့ချ‌နေရာများကို လျှို့ဝှက်သတင်းပေးပို့မှုများ လုပ်ဆောင်လာသဖြင့် တပ်မတော်စစ်ကြောင်းတပ်ဖွဲ့များက အချိန်နှင့်တပြေးညီးဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ