ချီကားဂိုတွင် ပါလက်စတိုင်းထောက်ခံသူများနှင့် အမေရိကန်ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်


(နိုင်ငံတကာ) ဩဂုတ် ၂၁

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟဲရစ် ဦးဆောင် ကျင်းပမည့် ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်ရှင်း ဒုတိယရက်တွင် ချီကာဂိုရှိ အစ္စရေးကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်း ထောက်ခံသူများ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ကာမယ်လာဟဲရစ်အား ဂုဏ်ပြုကြိုဆိုနေစဉ် ပါလက်စတိုင်းထောက်ခံသူများမှ အမေရိကန်အလံကို မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့မှ အနည်းဆုံး လူ (၄) ဦးကို လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များအသုံးပြုကာ အဆိုပါလူအုပ်ကြီးအား ချက်ချင်း ရှင်းလင်းရန် အမိန့်ရထားကြောင်း သတိပေးပြောဆိုနေသော်လည်း ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များအား ကြောက်ရွံ့နေမည်မဟုတ်ကြောင်း တုန့်ပြန်အော်ဟစ်ခဲ့သည်။

ဆန္ဒပြသူများသည် ကျင်းပမည့် ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်ရှင်းကို ရပ်တန့်ပစ်ရန် တောင်းဆိုခဲ့ကြသည်။

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးသည် ဂါဇာကမ်းမြောင်အရေးနှင့်ပတ်သက်ပြီး မကြာခဏ ဆန္ဒပြပွဲများ ပြုလုပ်သည့်နေရာလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ