ခရီးကြုံလိုက်ပါလာသူ သူငယ်ချင်းမှ ဓားထောက်လုယက်သဖြင့် ရာဘာရောင်းချငွေများဆုံးရှုံးရ


(ပြည်တွင်း) ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကားဖြင့် ခရီးကြုံလိုက်ပါလာသူ သူငယ်ချင်းမှအခြားသူနှစ်ဦးနှင့် ဓားထောက်၍ လုယက်ခဲ့သဖြင့် ရာဘာရောင်းချငွေများ ဆုံးရှုံးရမှူဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းက နေလင်းထိုက် လှည်းကူးမြို့နယ် ကြို့ကုန်းကျေးရွာနေသူသည် ပဲခူးမြို့တွင် ရာဘာများအားရောင်းချခဲ့ပြီး ရောင်းချရာမှရရှိလာသော ငွေကျပ်သိန်း ၂၀၀ ကျော်နှင့်အတူ ကန်တာအဖြူရောင်ယာဥ်အား မောင်း၍ပြန်လာစဥ် ပဲခူးမြို့နယ် ညောင်အင်းလမ်းဆုံသို့ အရောက်တွင် သူငယ်ချင်းဖြစ်သူ အောင်ကျော်လင်း ဇလုပ်ကြီးရွာ၊ လှည်းကူးမြို့နေသူမှ လမ်းကြုံလိုက်ခွင့်ပြုရန် ခွင့်တောင်းခဲ့သဖြင့် လိုက်ပါစီးနင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ဘူးလယ်အင်းကျေးရွာ ပဲခူး-တိုက်ကြီးသွားကားလမ်းရှိ ဦးကြည်တိုး ပိုင်ဆိုင်သော ရာဘာခြံရှေ့သို့အရောက်တွင် အမည်မသိ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးမှာ ရပ်၍စောင့်ခဲ့သည်ကိုတွေ့မြင်ခဲ့ရပြီး ၎င်းနေရာအရောက်တွင်အတူလိုက်ပါလာသူ အောင်ကျော်လင်းမှ နေလင်းထိုက်၏ လည်ပင်းအားညှစ်၍ သိုင်းဖက်ကာ ကားအားရပ်ခိုင်းခဲ့ပြီး ဆိုင်ကယ်ပေါ်ရှိ အမည်မသိ အမျိုးသားနှစ်ဦးမှ ကား၏အနားသို့ရောက်ရှိလာကာ နေလင်းထိုက်အား ဓားဖြင့်ထောက်၍ ရာဘာရောင်းချရာမှရရှိလာသော ငွေကျပ်သိန်း ၂၀၀ ကျော်နှင့်နေလင်းထိုက်ကိုင်ဆောင်သော ဖုန်းအားလုယက်ယူဆောင်သွားခဲ့ပြီး အမည်မသိ လုယက်သူ အမျိုးသား (၂)ဦးသည် အောင်ကျော်လင်းအားခေါ်ဆောင်၍ ညောင်အင်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ