ဂျပန်တွင် ကတ်ကြေးတစ်လက် ပျောက်ဆုံးမှုကြောင့် လေယာဉ်ခရီးစဉ်များစွာဖျက်သိမ်းခဲ့ရ


(နိုင်ငံတကာ) ဩဂုတ် ၂၀

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးရှိ New Chitose လေဆိပ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ကတ်ကြေးတစ်လက်ပျောက်ဆုံးမှုကြောင့် လေယာဉ် ခရီးစဉ် ၃၆ ခုကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။

အဆိုပါ ကတ်ကြေးပျောက်ဆုံးမှုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ် ခရီးစဉ် ၃၆ ခုအားဖျက်သိမ်းခဲ့ရသည့်အပြင် ခရီးစဉ်ပေါင်း ၂၀၁ ခုအထိ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ထွက်ခွာမည့် ခရီးသည် အားလုံးအား လုံခြုံရေးအရ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ကြီးမားသော လူတန်းရှည်ကြီးဖြစ်ပေါ်ကာ စောင့်ဆိုင်းခဲ့ရသည်။

အဆိုပါကတ်ကြေးအား ၎င်းစတိုးဆိုင်တွင်ပင် ပြန်လည်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးသည့် ကတ်ကြေးနှင့်အမျိုးအစားတူညီကြောင်း အတည်ပြုနိုင်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ယက်များတွင် ဂျပန်လေဆိပ်များ၏ လုံခြုံရေးဦးစားပေးမှုကို ချီးကျူးခဲ့ကြပြီး New Chitose လေဆိပ်အားလည်း လုံခြုံသည့်လေဆိပ်ဖြစ်ကြောင်း ရေးသားမျှဝေခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ