ဂျာမဏီရှိ ချားရဟတ်တစ်စင်းမီးလောင်မှုဖြစ်ပွားပြီး လူ ၂၀ ကျော်ဒဏ်ရာရ


(နိုင်ငံတကာ) ဩဂုတ် ၂၀

ပြီးခဲ့သည့် စနေနေ့ညပိုင်းက ဂျာမဏီနိုင်ငံရှိ ဂီတပွဲတော်တစ်ခုတွင် ချားရဟတ်တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လူမှုကွန်ယက်တွင် ထွက်ပေါ်လာသည့် သတင်းများအရ ဂျာမဏီနိုင်ငံ လိုင်ပ်ဇစ်မြို့ရှိ Highfield ပွဲတော်တွင် မီးလောင်ကျွမ်းနေသော ချားရဟတ်တစ်စင်းမှ အချို့သော ရဟတ်အတွဲများ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရပြီး Saxony ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဖြစ်စဉ်တွင် လူ ၁၈ ဦးမှာ မီးခိုးမွှန်ခြင်း အမြင့်မှ ပြုတ်ကျခြင်းဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသနေရပြီး ရဲအရာရှိအချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားနေချိန်တွင် ဂျာမန်နာမည်ကြီး ရက်ပ်အဆိုတော် Ski Aggu မှာ သီဆိုဖျော်ဖြေနေပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တုန်လှုပ်မိကြောင်း Ski Aggu က ၎င်း၏ အင်စတာဂရမ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ