နတ်စောင့်ဓါတ်အားခွဲရုံအား အကြမ်းဖက် PDF အဖွဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးငယ် ၃ ဦးအပါဝင် အရပ်သားပြည်သူ ၅ ဦး မီးလောင်သေဆုံး


(ပြည်တွင်း)ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာအနီးရှိ နတ်စောင့်ဓါတ်အားခွဲရုံအား ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အင်အား ၂၀ ဦးခန့်က ဝင်ရောက်စီးနင်းကာ လျပ်စစ်ဓါတ်အားခွဲရုံအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များမှာ အင်းတဲကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဓါတ်အားခွဲရုံအတွင်းရှိ လျပ်စစ်ထရန်စဖော်မာပစ္စည်းများ ထိခိုက် ပျက်စီးမှု မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေထိုင်ခဲ့သော တဲ ၅ လုံးနှင့် ဓါတ်အားခွဲရုံ၏ အရှေ့ဘက် ကပ်လျက်နေထိုင်သော ဓါတ်အားခွဲရုံလုပ်သား ဦးဝင်းဇော်၊၃၀ နှစ်၊ (ဘ)ဦးလှထွေး၏ နေအိမ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဦးဝင်းဇော်၏ နေအိမ်အတွင်း နေထိုင်သော ဦးဝင်းဇော် ၏ ဖခင်ဖြစ်သူ ဦးလှထွေး၊ အသက် ၇၆ နှစ်၊(ဘ)ဦးစံဖေ၊ ဦးအဒေါ်ဖြစ်သူ ဒေါ်ပူတူး၊ အသက် ၅၀ နှစ်၊(ဘ)ဦးအောင်သိန်း၊ တူဖြစ်သူ အောင်ဇာမင်း၊ အသက် ၁၃ နှစ်၊(ဘ)ဦးနိူင်မင်းထွန်း၊ အောင်ဖြိုးပိုင်၊အသက် ၉ နှစ်၊ (ဘ)ဦးနိူင်မင်းထွန်း၊ အောင်ခန့်ပိုင်၊ အသက် ၅ နှစ်၊(ဘ)ဦးနိူင်မင်းထွန်း တို့ ၅ ဦးမှာ မီးရှို့ခံရမှုကြောင့် သေဆုံးသွားပြီး မျိုးမင်းသူ၊အသက် ၁၆ နှစ်၊ (ဘ)ဦးနိူင်မင်းထွန်းမှာ မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း၊ အကြမ်းဖက် PDF များ ဆုတ်ခွာ ထွက်ပြေးရာသို့ လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ