ဖိလစ်ပိုင် က တပ်မတော်ကို အဆင့်မြှင့်တင်ရေးအစီအစဉ်အတွက် ပီဆို ဘီလီယံ ၅၀ ခွဲဝေသတ်မှတ်

(နိုင်ငံတကာ) သြဂုတ် ၁၉
     
     ဖိလစ်ပိုင်အစိုးရ က ၂၀၂၅ ခုနှစ်အတွင်း ပီဆိုဘီလီယံ ၅၀ ကို ခွဲဝေသတ်မှတ်ပေးလိုက်ကြောင်း လွှတ် တော် အမတ်တစ်ဦးက ဩဂုတ်လ ၁၈ ရက်တွင် ပြော သည်။ ယခုခွဲဝေသတ်မှတ်ပေးသည့် ပမာဏသည် ၂၀၂၄ ခုနှစ် အတွင်း စစ်လက်နက်ပစ္စည်းဝယ်ယူရေးနှင့် စစ်ဘက်အဆင့်မြှင့်တင်မှုအတွက် သတ်မှတ်ပေး လိုက်သည့် ပမာဏထက် ၂၅ ရာခိုင်နှုန်းပိုများကြောင်း အောက်လွှတ်တော် အမတ် ဂျွန်နီပိုင်မန်တယ် က ပြော သည်။ ပြီးခဲ့သည့် လတွင် ရသုံးငွေစာရင်းနှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတော်၏ ခန့်မှန်းခြေရသုံးငွေစာရင်းကို အောက်လွှတ်တော်သို့တင်ပြလာခြင်းဖြစ် သည်။


    အဆိုပါခန့်မှန်းခြေရသုံးငွေစာရင်း၌ အစိုးရအသုံး စရိတ်အဖြစ် ပီဆို ၆ ဒသမ ၃၅၂ ထရီလီယံ တင်ပြထား သည်ကို တွေ့ရသည်။ ထိုပမာဏသည် ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး၏ ၂၂ ရာခိုင်နှုန်းရှိကာ ၂၀၂၄ ခုနှစ် အစိုးရ အသုံး စရိတ်ထက် ၁၀ ဒသမ ၁ ရာခိုင်နှုန်း ပိုများကြောင်း တင်ပြချက်တွင် ဖော်ပြထားသည်။ ယခု တင်ပြ လာသော အစိုးရ၏ အသုံး စရိတ်ကို အောက်လွှတ်တော်နှင့်အထက်လွှတ်တော်တို့က စိစစ်သွားမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ က ဥပဒေအဖြစ်လက်မှတ် ရေးထိုးသွားမည်ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN