ဘရူနိုဖာနန်ဒက်စ်ကို မန်ယူ စာချုပ်သစ်ချုပ်

ဩဂုတ် ၁၆

မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းမှာ ၂၀၂၇ခုနှစ်၊ ဇွန်လအထိ ဆက်ရှိစေမယ့် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။
အသက်(၂၉)နှစ်အရွယ် ပေါ်တူဂီကွင်းလယ်ကစားသမားဟာ မန်ယူအသင်းအတွက် (၂၃၄)ပွဲကစားခဲ့ပြီး (၇၉)ဂိုးသွင်းယူခဲ့ကာ (၆၇)ဂိုးဖန်တီးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပေါင်(၄၇)သန်းနဲ့ရောက်ရှိခဲ့သူဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၃ ဇူလိုင်လမှာ မက်ဂွဲယားနေရာမှာ မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။