လက်နက်ကြီးကျည်ကြောင့် အကြမ်းဖက် ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ


(ပြည်တွင်း) သြဂုတ်လ ၁၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွှတ်ရှမ်းကျေးရွာအနီးတွင် ကရင်လက်နက်ကိုင်သောင်းကျန်းသူ KNU/PDF များ စုဖွဲ့နေသည့်သတင်းအရ ယနေ့ သြဂုတ် ၁၄ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးက သူတို့နေရာကို ဒဲ့ကို ကျတာ ၄ ယောက်သေတယ်၊ ဒဏ်ရာရတာအ​များကြီးပဲ ကားတစ်စီးပျက်သွားတယ် ဒရုန်းတစ်စီးလည်း သုံးမရတော့ဘူး” ဟု သတင်းအရင်းအမြစ်က ပြောသည်။

တပ်မတော်မှပစ်ခတ်သည့် အဆိုပါလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကရင်လက်နက်ကိုင်သောင်းကျန်းသူ KNU နှင့် အကြမ်းဖက် PDF ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ