“အရပ်သားများအပေါ် တိုက်ခိုက်သည့် ယူကရိန်းနှင့် ဆွေးနွေးရန် စကားမရှိဟု ပူတင်ပြော”

(နိုင်ငံတကာ) ဩဂုတ် ၁၃

  အရပ်သားများကို တိုက်ခိုက်မှုပြုလုပ်သော ယူကရိန်းနှင့် ဆွေးနွေးရန် စကားမရှိကြောင်းနှင့် ထိုကဲ့သို့ တိုက်ခိုက်မှုများလုပ်နေသမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်လည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင် ကပြောသည်။

 ဩဂုတ်လ ၁၂ ရက်တွင် ပြုလုပ်သော ထိပ်တန်းတာဝန်ရှိသူများနှင့် ဆွေးနွေးပွဲ တွင် ပူတင် က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းတို့က ရုရှားနိုင်ငံပိုင်နက်ဖြစ်သော ခု(စ်) ဒေသကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ရာ အရပ်သားများထိခိုက်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်လုံး ပျက်စီးခဲ့သည်။

 ယူကရိန်းအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းက ရုရှားတို့၏စိတ်ဓာတ်ကိုရိုက်ချိုးသည်ဟု ပြောထားသော် လည်း ပြောင်းပြန်ရလဒ်ကိုသာ ရရှိစေမည်ဖြစ်ကြောင်းနှင့် ယခုအခါ နယ်စပ်ဒေသကို ကာကွယ်ရန် ၎င်းတို့၏ သဘောဆန္ဒဖြင့် တပ်မတော်ထဲသို့ ဝင်ရောက်လာသူအများအပြားရှိလာသည့်အပြင် ရန်သူများသည် ရုရှား၏ တုံ့ပြန် တိုက်ခိုက်မှုကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ပြီး ရုရှား၏ရည်မှန်းချက်များအားလုံး ရရှိလိမ့်မည် ဖြစ်ကြောင်း ပူတင် က ဆက်ပြောသည်။

ယူကရိန်းစစ်ဘက်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် ခု(စ်)ဒေသကို တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုပြုလုပ်ရာတွင် ယူကရိန်းဘက်မှ တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် တပ်မများ ပါဝင် သည်ဟု မီဒီယာများ ထုတ်ပြန်ထားသော်လည်း ထိုတိုက်ခိုက်မှုကို ရုရှား က ဟန့်တားလိုက်နိုင်ကြောင်း RT သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

#PAN