“ကရင်ပြည်နယ်၌ မိုးစပါးဧက ၁,၅၀၀ နီးပါး ပျက်စီးခဲ့”

(ပြည်တွင်း) ဩဂုတ် ၁၃

ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် မိုးစပါးစိုက်ဧက ၈၈၀၀ နီးပါး ထိခိုက်ခဲ့ပြီး ဧက ၁,၅၀၀ နီးပါး ပျက်စီးခဲ့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ပျက်စီးသွားတဲ့ လယ်တွေ အတွက် မျိုးစပါး ၁,၄၉၇ တင်း၊ ယူရီးယားဓာတ်မြေဩဇာအိတ် ၄၅၀၊ ပိုတက်ရှ် ဓာတ်မြေဩဇာအိတ် ၄၀၀ ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ က မိုးစပါးထိခိုက် ပျက်စီး သွားတဲ့ ဘားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်မြို့တွေရှိ ကျေးရွာအုပ်စု ၁၈ စုက တောင်သူတွေကို မျိုးစပါးတွေ၊ ယူရီးယားဓာတ်မြေဩဇာတွေ၊ ပိုတက်ရှ် ဓာတ်မြေဩဇာတွေနဲ့ ဆေးဖျန်းပုံးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ဇူလိုင်တတိယပတ်လောက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကရင်ပြည်နယ်မှာရှိတဲ့ မြစ်ရေ၊ ချောင်းရေတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

#PAN